ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားတို့၏ ရင်ပြင်တော်ပေါ်သို့ ရေများဝင်ရောက်

0
170

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စက်တင်ဘာ (၃) ရက် နံနက် (၁၀)နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာဘုရးနှင့် ရွှေစည်းခုံဘုရားတို့၏ ရင်ပြင်တော်ပေါ်သို့ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဝင်ရောက်မှုကို ညောင်ဦးခရိုင်/မြို့နယ်မီးသဘတ်စခန်း၊ ပုဂံနယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ ပုဂံအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရေစုပ်စက်များဖြင့် ရင်ပြင်တော်များပေါ်ရှိ ရေများအားစုပ်ထုတ်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် နံနက် (၁၁) နာရီ (၂၀) မိနစ်ခန့်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဝက်ကြီးအင်းရပ်၊ ကျန်စစ်သားဥမင်စာသင်တိုက်အနီးရှိသစ်ပင်လဲကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လဲကျသွားသည့်သစ်ပင်အား ညောင်ဦးခရိုင်/မြို့ နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here