ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသရှိ ဆိပ်ကမ်း၏ အခြေခံအဆောက်အအုံများ ပျက်စီး

0
276

ယူကရိန်းနိုင်ငံ အိုဒက်ဆာ ဒေသရှိ ဆိပ်ကမ်း၏ အခြေခံအဆောက်အအုံများ ရုရှားတို့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်းစစ်အုပ်ချုပ်ရေးအကြီးအကဲ Oleg Kiper က Telegram တွင် ရေးသားခဲ့သည်။

“ရုရှားဖက်က တိုက်ခိုက်မှုတစ်ခုကြောင့် ဆိပ်ကမ်းရဲ့ အခြေခံအဆောက်အအုံတွေမှာ ထိခိုက်မှုရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အိုဒက်ဆာ နှင့် ရီနီဆိပ်ကမ်းများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်း မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်မှာ ထင်သလောက်အောင်မြင်မှုမရှိသည့်အပြင် လှုပ်ရှားမှုများမှာလည်း နှေးကွေးလွန်းနေကြောင်း အမေရိကန် စစ်ရေးကျွမ်းကျင်သူများက ဆိုလာကြသည်။

ထို့ကြောင့် အမေရိကန်က ယူကရိန်းသို ပံ့ပိုးမည်ဟု ကတိပြုထားသည့် အမေရိကန်လုပ် M1 Abrams တင့်ကား ၃၁ စီးအနက်မှ ပထမဆုံး ၁၀ စီးကို စက်တင်ဘာလလယ်တွင် ယူကရိန်းသို့ပေးပို့မည်ဖြစ်ကြောင်း အမေရိကန် စစ်တပ်၏ ဥရောပနှင့် အာဖရိက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Martin O’Donnell က ပြောကြားသည်။ အစီရင်ခံစာတစ်ခုအရ အဆိုပါ တင့်ကားများကို ဂျာမနီနိုင်ငံသို ပေးပို့ထားပြီးဖြစ်ပြီး ပြုပြင်မွမ်းမံပြီးပါက ယူကရိန်းသို ပို့ဆောင်မည်ဖြစ်သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း မိမိတို့သည် ကီလိုမီတာ ၇၀၀(၄၃၅ မိုင်ခန့်) အကွာအဝေးရှိ ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်သည့် တာဝေးပစ် လက်နက်သစ်တစ်မျိုးကို ယူကရိန်းနိုင်ငံတွင်းမှာပင် တီထွင်ထုတ်လုပ်ထားပြီး စစ်မြေပြင်တွင် ဖြန့်ကျက်ချထားပြီဖြစ်ကြောင်းမကြာသေးမီကပင်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here