ပါရမီလမ်းမပေါ်ရှိ ဂုံးတံတားအကျော် ရေမြောင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ

0
226

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပါရမီလမ်းမပေါ်ရှိ ဂုံးတံတားအနီးမှ ရေမြောင်းအတွင်း၌ သေဆုံးနေသည့် အသက်(၄၅)နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ (၃) ရက် နေ့လယ်ပိုင်းက အမျိုးသား တစ်ဦး သေဆုံးနေသည်ကို ရပ်ကွက်နေ ပြည်သူများမှ အကြောင်းကြားသဖြင့် မျှဝေတွဲလက်များ ပရဟိတအသင်းမှ သွားရောက်ကူညီပေးခဲ့သည်။

“ယောကျာ်းလေးပေါ့နော်။ (၄၅) နှစ်လောက်တော့ရှိပြီ၊ အဲ့တံတားအောက်ကို ရောက်တာ (၂) ရက်၊ (၃) ရက်လောက်တော့ရှိပြီလို့ အနီးနားက သူတွေကပြောတယ်။ ဒီနေ့မနက်ကျတော့ ဆုံးနေတာတွေ့တယ်လို့ အကြောင်းကြားလို့ အလောင်းသွားကောက်တာ။ နေရပ်တွေဘာတွေလည်း မသိရဘူး။ သူက ဟိုရောက် ဒီရောက်နဲ့ ရောက်လာတာဆိုတာပဲ သိရတယ်။”ဟု မျှဝေတွဲလက်များ ပရဟိတအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူရုပ်အလောင်းအား မျှဝေတွဲလက်များ ပရဟိတအသင်း တာဝန်ရှိသူများမှ လူနာတင်ယာဉ်ဖြင့် စံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here