ဆန္ဒပြသူများသည် ပြင်သစ်စစ်အခြေစိုက်စခန်းအပြင်ဘက်တွင်သံအမတ်ကြီးနှင့် စစ်သား ၁၅၀၀ ခန့်ကို ထွက်ခွာရန် စုဝေးဆန္ဒပြခဲ့ကြသည်။
သံတမန်နှင့် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းပေးရန် နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် Niamey တွင် လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြသည်။
ဇူလိုင် ၂၆ ရက်က အာဏာသိမ်းခဲ့သည့် နိုင်ဂျာစစ်တပ်အစိုးရ နှင့် ပြင်သစ်သမ္မတ Emmanuel Macron တို့သည် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲနေကြသည်။
Macron သည် ရာထူးမှ ဖယ်ရှားခံရသော သမ္မတ Mohamed Bazoum ကို ကျောထောက်နောက်ခံပြုပေးထားပြီး နိုင်ဂျာ၏ အုပ်ချုပ်သူအသစ်များကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။
ပြင်သစ်သံအမတ် Sylvain Itte သည် လွန်ခဲ့သည့် တစ်ပတ်ကျော်က နိုင်ငံမှထွက်ခွာရန် ၄၈ နာရီနောက်ဆုံးထားသတ်မှတ်ခံထားရသော်လည်း နိုင်ဂျာတွင် ဆက်လက်ရှိနေခဲ့သည်ကို Macron က ချီးကျူးပြောဆိုခဲ့သည်။
Source:Aljazeera