မြဝတီခရိုင်ရဲစခန်းအတွင်း၌ Drop Bomb များပေါက်ကွဲ ၅ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

0
528

ကရင်ပြည်နယ်၊မြဝတီမြို့၊မြဝတီခရိုင်ရဲစခန်းအတွင်း၌ စက်တင်ဘာ ၃ ရက်ညပိုင်းက Drop Bomb ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၆ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် မြဝတီခရိုင်ရဲစခန်းအတွင်းသို့ Deone ယာဥ်အသုံးပြုကာ Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ခရိုင်ရဲမှူးနေအိမ်အနီးနှင့်ခရိုင်ရဲစခန်း အစည်းအဝေးခန်းမတို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကစစ်ဆေးစဥ် ည ၇ နာရီ ၂၀ မိနစ်ခန့်၌ လာရောက်စစ်ဆေးသည့်အဖွဲ့အား Drop Bomb ၂ လုံးဖြင့်ထပ်မံပစ်ချတိုက် ခိုက်ခဲ့ကြကြောင်း သိရသည်။

Drop Bomb များထပ်မံပေါက်ကွဲခဲ့၍ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊မြဝတီခရိုင်ထွေအုပ်ဦးစီးအရာရှိနှင့်မြဝတီခရိုင်ထွေအုပ်စာရေးတို့မှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး တပ်မတော်အရာရှိကြီးတစ်ဦးနှင့်ယာဥ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးတို့မှာ မြဝတီခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူစဥ်ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ၁၁ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here