ရက်သားအရွယ် ကလေးငယ်အား မုန့်ဆိုင်တွင်ထားခဲ့ကာ ဆိုင်ကယ်ငှားရမ်းမောင်းနှင်ထွက်ပြေးသွားမှု ဘားအံမြို့တွင် ဖြစ်ပွား

0
206

ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှကမြင်ကွက်သစ်ရှိ မုန့်ဆိုင်တစ်ဆိုင်တွင် ရင်းနှီးနေသည့် လင်မယားနှစ်ဦးမှ ရက်သားအရွယ် ကလေးငယ်အား ထားခဲ့ကာ ဆိုင်ကယ်ငှားရမ်းပြီး မောင်းနှင်ထွက်ပြေးသွားခဲ့မှု စက်တင်ဘာ (၃) ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၇) နာရီကျော်ခန့်က ဘားအံမြို့၊လှကမြင်ကွက်သစ်၊ သပြေ (၂) လမ်းရှိ မုန့်ဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်နှင့် ရင်းနှီးသည့် လင်မယားနှစ်ဦးမှ ရက်သားအရွယ်ရှိကလေးငယ်အားထားခဲ့ပြီးနောက် မုန့်ဆိုင်ပိုင်ရှင်၏ ဆိုင်ကယ်အားငှားရမ်းကာ မောင်းနှင်ထွက်ပြေးသွားကြကြောင်း သိရသည်။

“လင်မယားနှစ်ယောက်လုံးက အသက်(၂၀)ကျော်အရွယ်လေးတွေပါ။ စျေးသွားဝယ်မလို့ ကလေးကို ခဏထားခဲ့ဦးမယ်လို့ပြောတယ်။ ပြီးတော့ မုန့်ဆိုင်ပိုင်ရှင်ရဲ့ ဆိုင်ကယ်ကိုငှားပြီး မောင်းထွက်သွားတာ ပြန်မလာတော့ဘူး။ ကလေးက မိန်းကလေးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ ကလေးငယ်အား ရပ်မိရပ်ဖများမှ နို့မှုန့်တိုက်၍ စောင့်ရှောက်ထားကာ ဆိုင်ကယ်ငှားရမ်း၍ မောင်းနှင်ထွက်ပြေးသွားသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ ရဲစခန်း၌ တိုင်ကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here