နောက်ပြန်ဆုတ်လာသည့် (၆) ဘီးကားမှ မြန်မာနိုင်ငံသားမိသားစုဝင် (၃) ဦးမောင်းလာသည့် ဆိုင်ကယ်ကိုတတ်ကြိတ်မိ၍ (၂) ဦးသေဆုံးခဲ့မှု မဲဆောက်မြို့တွင်ဖြစ်ပွား

0
285

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ခန်းခိဘန်ကျေးရွာတွင် နောက်ပြန်ဆုတ်လာသည့် (၆)ဘီးကားမှ မြန်မာနိုင်ငံသား မိသားစုဝင် (၃) ဦးမောင်းလာသည့် ဆိုင်ကယ်ကိုတတ်ကြိတ်မိခဲ့မှု စက်တင်ဘာ (၃) ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ (၂) နာရီကျော်ခန့်က မဲဆောက်မြို့၊ခန်းခိဘန်ကျေးရွာတွင် နောက်ပြန်ဆုတ်လာသည့် (၆) ဘီးကားမှ တော့ဖောင်းစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားမိသားစုဝင် (၃)ဦး (အသက် (၃) နှစ်အရွယ်ကလေးငယ်အပါအဝင်) စီးနင်းလာသည့် ဆိုင်ကယ်အား ဝင်တိုက်မိပြီးနောက် တတ်ကြိတ်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တတ်ကြိတ်မိမှုကြောင့် အသက်(၃)နှစ် အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ (၆) ဘီးကားမောင်းသူအား မဲဆောက်မြို့ရဲတပ်ဖွဲ့မှဖမ်းဆီးကာ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား (၂) ဦးနှင့်ပတ်သက်၍ လိုအပ်သည့်ကူညီမှုများနှင့် အာမခံကြေးများရရှိနိုင်ရန် မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် တော့ဖောင်းစက်ရုံမှ လူမူရေးရာကူညီဆောင်ရွတ်ပေးနေသူများက ကူညီဆောက်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here