ထိုင်းသို့ ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးနောက်ပိုင်းတွင် ပြောင်းဈေးကျလာ

0
288

မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ကာလသတ်မှတ်ကာ တင်ပို့လျက်ရှိရာ ပြီးခဲ့သည့် ဩဂုတ်လ (၃၁) ရက်တွင်ကင်းလွတ်ခွင့် ကာလကုန်ဆုံးပြီ ဖြစ်ပြီး ယင်းကာလနောက်ပိုင်းမှစတင်ကာ မြန်မာ့ပြောင်းဆံဈေးနှုန်းပါကျဆင်းလာကြောင်း ပြောင်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ပြုထားခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ အခွန်ကင်းလွတ်စွာတင်ပို့ခွင့်ရှိသည့် ကာလ ကုန်ဆုံးချိန်တွင် တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့နိုင်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင် တရုတ် – မြန်မာ နယ်စပ်ဒေသတွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကိုသာ တင်ပို့မှုရှိနေခြင်းဖြစ်ပြီး အခြားဒေသမှထွက်ရှိသည့် ပြောင်းများကို တင်ပို့မှုမရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြောင်းဈေးနှုန်းအနေဖြင့် တစ်ပိဿာ ၁၂၀၀ ကျပ်ဖြစ်ပြီး တရုတ်ဈေးကွက်ရရှိပါက ပြောင်းဈေးကောင်းလာမည်ဟု မျှော်လင့်ထားကြောင်းလည်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တင်ပို့ရန် တရုတ်ကုန်သည်များနှင့် မြန်မာကုန်သည်များ ဈေးနှုန်းညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here