အာဆီယံ – အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေး

0
128

အာဆီယံ – အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(CSP)တိုးမြှင့်ဆောင်ရွက်နိုင်မှုအလားအလာများကို အာဆီယံကော်မတီ ဝါရှင်တန်နှင့်အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံကော်မတီ ဝါရှင်တန်နှင့် အိမ်ဖြူတော်အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှ တာဝန်ရှိသူများသည် အလုပ်သဘော နေ့လယ်စာ စားပွဲအဖြစ် သြဂုတ် (၃၁) ရက်က အင်ဒိုနီးရှားသံရုံး၌ ပြုလုပ်ရာ မြန်မာသံရုံး၊ဝါရှင်တန်မြို့၏ သံရုံးယာယီတာဝန်ခံဦးသက်ဝင်းတက်ရောက်ခဲ့သည်။

အလုပ်သဘော နေ့လယ်စာ စားပွဲတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ – အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့သို့ အမေရိကန် နိုင်ငံခေါင်းဆောင်ပိုင်းမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(CSP) တိုးမြှင့်ဆောင်ရွက်နိုင်မှု အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသ ည်။

အလုပ်သဘော နေ့လယ်စာ စားပွဲသို့ အာဆီယံကော်မတီဝါရှင်တန်၏ လှုပ်ရှားမှုအဖြစ် ACW ကော်မတီအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသံရုံးမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံ ပေးအဖွဲ့ရုံးမှ သမ္မတ၏ ဒု-လက်ထောက်နှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာညှိနှိုင်းရေးမှူး(Deputy Assistant to the President and Coordinator for Indo-Pacific Aff airs)Dr. Kurt Campbell နှင့်အာဆီယံသံအမတ်ကြီးများ၊အခြားအာဆီယံ သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here