ပြည်မြို့အနောက်ဖက်ကမ်း သစ်စိမ့်ပင်ရွာတွင် အမျိုး သား (၁)ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား 

0
236

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့အနောက်ဖက်ကမ်း ပန်းတောင်းမြို့နယ်အတွင်းရှိ သစ်စိမ့်ပင်ရွာတွင် ယနေ့ စက်တင်ဘာ (၄) ရက် နံနက် (၁၁)နာရီ အချိန်ခန့်က အမျိုးသား (၁)ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ဖြစ်စဉ်မှာ ပန်းတောင်းမြို့နယ် ၊ သစ်စိမ့်ပင်ရွာတွင် အ မျိုးသား (၁)ဦး ကြိုးဆွဲချ၍ သေဆုံးမှု ဖြစ်ပွားသဖြင့် အရေးပေါ်  လာရောက်ကူညီပေးပါရန် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတ ပါရမီသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။ 

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွာခံရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့မှ စစ်ဆေးပြီးနောက် သေဆုံးသူအမျိုးသား၏ အလောင်းအား နယ်မြေခံ နာရေးကူညီရေးအသင်း (ပန်းတောင်းဝန်လို)မှ နိဗ္ဗာန် ယာဉ်ဖြင့် ပန်းတောင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here