ပုသိမ်ကြီးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လက်လုပ်ဗုံးပေါက်ကွဲ

0
230

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ (၁) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာ (၄) ရက် နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၁၁) နာရီခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိ အမျိုးသား (၂) ဦးသည် ပုသိမ်ကြီးမြို့နယ်၊အောင်မင်္ဂလာ (၁) ရပ်ကွက်၊ ပုသိမ်ကြီးလမ်းမဘေးရှိ မြန်မာ့စီးပွားရေးဘဏ်အား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲမှုတော့ဖြစ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူမရှိပါဘူး။ ဗုံးနဲ့ပစ်ပေါက်ပြီးတော့ ရပ်ကွက်လမ်းထဲကို ဝင်ပြီးမောင်းပြေးသွားတယ်။ ပိတ်ဆို့စစ် ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသ ည်။

လက်လုပ်ဗုံးသည် မြန်မာ့စီးပွားရေး ဘဏ်အတွင်းကျရော က်ပေါက်ကွဲကာ ဘဏ်အဆောက်အဦး၏ အုတ်နံရံသာ ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here