ပြင်ဦးလွင်၊ မိတ္ထီလာ၊ကွတ်ခိုင်မြို့တို့တွင် တစ်ရက်တည်း ငွေကျပ် သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
263

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တို့တွင် စက်တင်ဘာလ (၃) ရက်က တစ်ရက်တည်း ငွေကျပ် သိန်း (၁၃၀၀)ကျော်တန် ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ၀က်ဝံကျေးရွာအနီးတွင် စက်တင်ဘာလ (၃)ရက် နံနက် (၅) နာရီခွဲ အချိန်ခန့်က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့စစ်ဆေးစဉ် မူဆယ်မြို့မှ မန္တလေးမြို့ဘက်သို့ မော င်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်မာဘောက်(ခ)ဂျာဘောက် သယ်ဆောင် လာသော လက်ဆွဲခြင်းများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄၄၀ ဂရမ်(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၄၀၀ ပြား ၊ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် (၄၈၆) သိန်းနှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နေ့လယ် (၁၂) နာရီခွဲ မိနစ်အချိန်ခန့်တွင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိကားဂိတ်တွ င် မသင်္ကာဖွယ်တွေ့ရှိသူ ဒေါ်သန်းသန်းဌေး၊ ဒေါ်မာရွှေ၊ သီဟ နှင့် ချစ်မင်းသူ တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့၏ ကျောပိုးအိတ်များအတွင်းမှ ဘိန်းဆီခဲအလေးချိန် ၃၀ ကီလို ၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် (၅၄ ၀)သိန်း၊ ဘိန်းစိမ်းအလေးချိန် ၁၆ ကီလို ၊ ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် (၁၂၈) သိန်းနှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နေ့လယ် (၁) နာရီခွဲ အချိန်တွင် အဆိုပါ မူးယစ်ဆေးဝါးများသယ်ဆောင်ခိုင်းသူ ဒေါ်သန်းသန်းအေးအား ၎င်းနေထိုင်သည့် မိတ္ထီလာမြို့၊ ပေါက်ချောင်း(တိုးချဲ့)ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း (၁) လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြော င်း သိရသည်။

ထို့အပြင် ကွတ်ခိုင်-လားရှိုးသွားကားလမ်းတွင် ယင်းနေ့ ညနေ (၄) နာရီအချိန်ခန့်က အိုက်ဆိုင် မောင်းနှင်ပြီး မ အေအို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် ၎င်းတို့သယ်ဆော င်လာသော ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ် ၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် (၁၆ .၅) သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား ၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း (၂၀)နှင့် လက်ကို င်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၄ နာရီခွဲအချိန်တွင် အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသူ မမာတောမ် အား ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)တွင် မော်တော် ဆိုင်ကယ် (၁) စီး၊ လက်ကိုင်ဖုန်း (၁) လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေါ်မာဘောက်(ခ) ဂျာဘောက်(၆၃)နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်း၊ ဒေါ်သန်းသန်းဌေး(၅၅) နှစ်၊ ဒေါ်မာရွှေ(၄၇)နှစ်၊ သီဟ(၃၃)နှစ်၊ ချစ်မင်းသူ(၃၃) နှစ် နှင့် ဒေါ်သန်းသန်းအေး (၅၈)နှစ်တို့အား မိတ္ထီလာ အ မှတ်(၂)နယ်မြေရဲစခန်း၊ အိုက်ဆိုင်(၁၉)နှစ်၊ မအေအို (၂၉)နှစ် နှင့် မမာတောမ်(၃၅)နှစ်တို့အား ကွတ်ခိုင်မြို့မရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့် အရေး ယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here