ဒါရိုက်တာဇင်ယော်မောင်မောင်ရိုက်ကူးထားတဲ့ “တိမ်တွေပေါ်ကပန်း”အာဆီယံ ရုပ်ရှင် ပွဲတော်မှာ ပြသခွင့်ရ

0
632

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် ကျင်းပသည့် အာဆီယံ+၃ ရုပ်ရှင်ပွဲတော် (ASEAN+3 Film Festival) မှာ ဒါရိုက်တာဇင်ယော်မောင်မောင်ရိုက်ကူးထားတဲ့ “တိမ်တွေပေါ်ကပန်း”အာဆီယံ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရတယ်လို့သိရပါတယ်။

အာဆီယံ+၃ ရုပ်ရှင်ပွဲတော်ကို ပရာ့ဂ်မြို့နယ်(၁)ရှိ မြူနီစပယ်စာကြည့်တိုက်ရှိ ရုပ်ရှင်ရုံမှာ စက်တင်ဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ်ပြသသွားမှာ မြန်မာနိုင်ငံမှ စက်တင်ဘာလ ၈ ရက်နေ့တွင် ဒါရိုက်တာဇင်ယော်မောင်မောင်ရိုက်ကူးသည့် “တိမ်တွေပေါ်ကပန်း”ရုပ်ရှင်ဇတ်ကားကို ပါဝင်ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မြန်မာသံရုံးယာယီတာဝန်ခံမှ တက်ရောက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အာဆီယံ+၃ နိုင်ငံများမှ သံအမတ်ကြီးများနှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာဌာန အကြီးအကဲတို့က ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြပြီး ရုပ်ရှင်ပွဲတော်အကြိုအဖြစ် သက်ဆိုင်ရာနိုင်ငံများမှ ဇာတ်လမ်းတိုများအား ပြသခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားကို မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် က ပရာ့ဂ်မြို့ရှိ အာဆီယံ-ပရာ့ဂ်ကော်မတီမှ ဦးဆောင်ကျင်းပသော အာဆီယံ+၃ ရုပ်ရှင်ပွဲတော် (ASEAN+3 Film Festival) ဖွင့်ပွဲအခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက်အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ တရုတ်၊ ဂျပန်နှင့် ကိုးရီးယားနိုင်ငံ တို့မှ သံအမတ်ကြီးများ နဲ့ အတူ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here