ရုရှား Su-34 လေယာဉ်များသည် ယူကရိန်းတိုက်ပွဲများတွင် Kinzhal အသံထက်မြန်သောဒုံးကျည်ကို အသုံးပြု

0
505

ရုရှား၏ Su-34 ဘက်စုံသုံး ဗုံးကြဲလေယာဉ်သည် ယူကရိန်းတိုက်ပွဲများတွင် Kinzhal ဟုအမည်ပေးထားသော အသံထက်မြန်သည့် ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားသည်။

“Su-34 တိုက်လေယာဉ်ဟာ အထူးစစ်ဆင်ရေးမှာ Kinzhal အသံထက်မြန်တဲ့ ဒုံးကျည်ကို အသုံးပြုခဲ့ပါတယ်။ ဒီလိုတာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်ခဲ့တဲ့ ပထမဆုံး လေယာဉ်မှူးတွေဟာ နိုင်ငံတော်အဆင့် ဆုတွေ ချီးမြှင့်ခံရမှာပါ” ဟု အရာရှိက ပြောကြားခဲ့သည်။

Kinzhal ဒုံးကျည်ကို MiG-31K ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များတွင် အထူးတပ်ဆင်လေ့ရှိပြီး အသံထက်မြန်သော ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များအနက် ရုရှားနိုင်ငံ၏နောက်ဆုံးပေါ်စနစ်ဖြစ်သည်။ Kinzhal ဒုံးကျည်သည် မြေပြင်နှင့် ရေတပ်ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက်လည်း ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။

Kinzhal ဒုံးခွင်းဒုံးစနစ်အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး မတ် ၁၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းစစ်ပွဲများ၌ တိုက်ခိုက်ရေးတွင် ယင်းဒုံးကျည်ကို ပထမဆုံး တရားဝင်အသုံးပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here