(၅)လအတွင်း ပြည်ပဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၆၆ သန်းရရှိ

0
469

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဩဂုတ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်းရှစ်သောင်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁၆၆ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ ပို့ကုန်ရငွေမှာ ဧပြီလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်၊ မေလတွင် ဆန်တန်ချိန် တစ်သိန်းကျော်၊ဇွန်လတွင် ဆန်တန်ချိန်ခြောက်သောင်းကျော်၊ ဇူလိုင်လတွင် ဆန်တန်ချိန် ငါးသောင်းကျော်နှင့် ဩဂုတ်လတွင် ဆန်တန်ချိန် ခြောက်သောင်းနီးပါး တင်ပို့ခဲ့ရာမှ ရရှိခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသ ည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေ ကြောင်းမှ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပေါ်တူဂီ၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ န ယ်သာလန်၊ UK အပါအဝင် နိုင်ငံပေါင်း (၂၀) ကျော်ကို တင်ပို့ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းတွင် ပုံမှန်စိုက်ပျိုးထုတ်လုပ်ပြီး ဖူလုံရုံမျှမက ပိုလျှံမှု ရှိသဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုနှစ်အတွက် စပါးလက်ကျန်၊ ဆန်လက်ကျန် လုံလုံလောက်လောက်ရှိပြီး မကြာမီ ကောက်စောစပါးသစ် ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ဆန်နှင့် စပါးများ သိုလှောင်ထားမှုကို နည်းမှန် လမ်းမှန် ထိန်းကျောင်းနိုင်ရန်နှင့် ဈေးကစားလိုသည့် သဘောဖြင့် သိုလှောင်မှု မဖြစ်စေရန် သိုလှောင်မှုကို Online Registration ပြုလုပ်မည့် အစီအစဉ်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလလယ်တွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပြီးဖြစ်သည်။

Photo-Ministry of commerce


LEAVE A REPLY

Please enter your comment!
Please enter your name here