အယုဒ္ဓယခရိုင်တွင် အိမ်စီးကားပေါ်၌ ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား (၁၂) ဦးဖမ်းဆီးခံရ

0
391

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် စက်တင်ဘာ (၃) ရက်ညပိုင်းက အိမ်စီးကားပေါ်၌ ပုန်းအောင်းကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၂) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက အယုဒ္ဓယခရိုင်မှ တာဝန်ရှိသူများသည် ဖဟွန်ယိုထက် လမ်းမကြီးအတိုင်း ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် အိမ်စီးကားတစ်စီးအား စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်းမရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ လိုက်လံဖမ်းဆီးပြီးနောက် အိမ်စီးကားအား စစ်ဆေးမှုများပြုလုပ်ရာ ယာဉ်ပေါ်၌ ပုန်းအောင်းကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား အမျိုးသား၊ အမျိုးသမီး (၁၂) ဦးနှင့် ယာဉ်မောင်းသူ ထိုင်းနိုင်ငံသားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရပြီး ထိုင်းနိုင်ငံသား ကားမောင်းသူကိုလည်း ပို့ဆောင်ခအဖြစ် ဘတ် ၁၅၀၀၀ စီပေးရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများနှင့်ထိုင်းနိုင်ငံသား ကားမောင်းသူတို့အား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here