မြန်မာ့အကျပ်အတည်းနှင့် တရုတ်ထုတ်လိုက်သည့်​မြေပုံအသစ်ကိစ္စ​ဆွေး​နွေးမည့် အာဆီယံထိပ်သီး အစည်းအ​ဝေးသို့ လီရှန်လွန်း တက်မည်

0
513

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် အင်္ဂါနေ့(စက်တင်ဘာ ၅ ရက်) မှ ကြာသပတေးနေ့အထိ ဂျကာတာ၌ ကျင်းပသည့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ စင်ကာပူကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တက်​ရောက်ဖို့ ဂျာကာတာသို့​ရောက်ရှိ​နေပြီဖြစ်သည်။

အာဆီယံထိပ်သီးအစည်း​ဝေးတွင် မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ အငြင်းပွားနေသည့် တရုတ်နိုင်ငံက ထုတ်ပြန်လိုက်​သောမြေပုံအသစ်ကိစ္စ​ကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာချိန်နှင့်အာဆီယံ ထိပ်သီးအစည်းအဝေးလုပ်မည့်အချိန်တို့ချိန်ကိုက်ဖြစ်​နေသည်။

စင်ကာပူ ဝန်ကြီးချုပ်ရုံး (PMO) က တနင်္လာနေ့တွင် ကြေညာချက် ထုတ်ပြန်ရာတွင်“မြန်မာနိုင်ငံရဲ့ အခြေအနေတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အမြင်ချင်း ဖလှယ်ကြမယ်” ဟုဆိုသည်။

Soyrce: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here