လျှပ်စစ်ထုတ်နိုင်သည့် ​ရေအရင်းအမြစ်စီမံကိန်းတစ်ခု ​ဆောလျှင်စွာပြီးသွားသည့်တရုတ်

0
151

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Datengxia ရေအရင်းအမြစ် စီမံခန့်ခွဲရေး စီမံကိန်း၏ ​ဆောက်လုပ်​ရေးပိုင်းသည် သတ်မှတ်ချိန်ထက် လေးလခန့်​စောပြီးခဲ့ကြောင်း ရေအရင်းအမြစ် ဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။

ပုလဲမြစ်လက်တက်ဖြစ်သော Xijiang မြစ်တွင် တည်ရှိသည့်ထို
ပရောဂျက်တွင် ဓာတ်အားထုတ်လုပ်သည့် ယူနစ်ရှစ်ခုပါရှိပြီး တစ်ခုစီတွင် ကီလိုဝပ် ၂၀၀,၀၀၀ ထုတ်နိုင်သည့်စွမ်းအားရှိသည်။ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၆ ဘီလီယံကျော် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းသည် ပုလဲမြစ်ဝှမ်းအတွင်း ရေလွှမ်းမိုးမှုထိန်းချုပ်ရေး၊ ရေကြောင်းသွားလာရေး၊ ရေအရင်းအမြစ်ခွဲဝေပေးရေးနှင့် ဆည်မြောင်းလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်လည်း မျှော်လင့်ထားသလိုလူဦးရေ ၂.၈ သန်းကျော်ရှိသော Wuzhouမြို့ ကိုအ​ထောက်ကူပြုနိုင်မည်ဖြစ် ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခင်က မြို့သည် အနှစ် ၅၀ လျှင် တစ်ကြိမ် ရေကြီးမှုကြုံရပြီး အဆိုပါပ​ရောဂျက်​ကြောင့် ယခု​နောက်ပိုင်းတွင် ​ရေကြီးမူမှာ နှစ် တစ်ရာလျှင်တကြိမ် ရင်ဆိုင်ရလိမ့်မည်ဟုခန့်မှန်းထားသည်။

Source: chinadaily.com.cn


LEAVE A REPLY

Please enter your comment!
Please enter your name here