၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်း ယူကရိန်းမှ ရှောင်တိမ်းလာသူများအား ပိုလန်မှ ပြန်လည်လွှဲအပ်

0
257

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ ယူကရိန်းနိုင်ငံမှတရားမဝင်ထွက်ခွာလာကြသော စစ်မှုထမ်းအသက်အရွယ်ရှိ ယူကရိန်းအမျိုးသားများအား ယူကရိန်းအာဏာပိုင်များထံ ပိုလန်အာဏာပိုင်များက ပြန်လည်လွှဲအပ်ခြင်းကို စတင်ပြုလုပ်နေပြီဖြစ်သည်။

ပိုလန်နယ်ခြားစောင့်တပ်၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်းတွင် အသက် ၁၈ နှစ်မှ ၆၀ အတွင်းရှိ ယူကရိန်းနိုင်ငံသား ၂ ဒသမ ၈၇ သန်းခန့် ပိုလန်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ထို အရေအတွက်တွင် ပိုလန်-ယူကရိန်း နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာကြသည့် ယူကရိန်းနိုင်ငံသား ၈သောင်းကို စာရင်းမသွင်းရသေးဟုဆိုသည်။

“ဒါက ယူကရိန်းနိုင်ငံအတွက် များပြားလှတဲ့ အရေအတွက်ပါပဲ၊ ဘာကြောင့်လဲဆိုတော့ ဒီလူတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်စေဖို့စည်းရုံးနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကို အားကောင်းစေပါတယ်” ဟု ယူကရိန်း သမ္မတ ဇလန်းစကီး၏ ကိုယ်စားလှယ် Verkhovna Rada နှင့် ပါလီမန်လွှတ်တော် ကော်မတီအဖွဲ့ဝင် အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးမှ တာဝန်ရှိသူ Fyodor Venislavskyတို့၏ ပြောကြားချက်များကို ကိုးကား၍ သတင်းများရေးသားဖော်ပြထားသည်။

တိမ်းရှောင်သူအများအပြားအား တရားစွဲရန် ယူကရိန်းအစိုးရရှေ့နေရုံးသည် ကြားခံဝန်ဆောင်မှုများဖြင့် နိုင်ငံတကာ ဖမ်းဝရမ်းများကို အသုံးပြုနိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here