Naypyitaw State Academy ၌ ဘာသာရပ် ၆ ခု တွင် ပါရဂူတန်းများဖွင့်လှစ်မည်ဖြစ်၍ အိန္ဒိယတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

0
315

Naypyitaw State Academy ၌ ဘာသာရပ် ၆ ခု တွင် ပါရဂူတန်းများဖွင့်လှစ်မည်ဖြစ်၍ အိန္ဒိယတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinary Kumar တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေနှင့်အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinary Kumar တို့သည် စက်တင်ဘာ ၄ ရက်နံနက် ၉ နာရီခွဲက တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် Naypyitaw State Academy ၌ ဘာသာရပ် ၆ ခုတွင်ပါရဂူတန်းများဖွင့်လှစ်မည်ဖြစ်၍ အိန္ဒိယတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ တက္ကသိုလ် ၅ ခုနှင့်အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အိုင်စီတီ၊အသိဉာဏ်တု၊အဏ္ဏဝါသိပ္ပံ၊အဏုဇီဝ၊အင်္ဂလိပ်စာသင်ကြားရေး၊စီးပွားရေးစီမံခန့်ခွဲမှု၊သက်မွေးပညာ၊ဆရာအတတ်ပညာဘာသာရပ်များအတွက် ပညာတော်သင်ပိုမိုစေလွှတ်နိုင်ရေး၊ Open University ကို အွန်လိုင်းဖြင့်ပို့ချပေးနိုင်မည့်အခြေအနေ၊အိန္ဒိယပညာရေးဌာနများမှ အဆင့်မြင့်အရာရှိများနှင့်မြန်မာဘက်မှ ညွှန်ကြားရေးမှူးချုပ်များ ဗီဒီယိုကွန်ဖရင့်ဖြင့် ချိတ်ဆက်ဆွေးနွေးရေး၊ပညာတော်သင်များ ပိုမိုခေါ်ယူပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here