စင်္ကာပူရက်ပ်ပါအဆို​တော် Subhas Nair သည် လူမျိုး​ရေးနှင့်ဘာသာ​ရေးကြား​သွေးထိုးလှုံ့​ဆော်မှု​ကြောင့်ထောင်ဒဏ် ချမှတ်ခံရ

0
230

စင်္ကာပူရက်ပ်အဆိုတော် Subhas Nair အသက် ၃၁ နှစ်သည် အင်္ဂါနေ့ (စက်တင်ဘာ ၅)က လူမျိုးရေးနှင့် ဘာသာရေးကြားတွင် ​သွေးထိုးလှုံ့​ဆော်မှုဖြင့် ထောင်ဒဏ်ခြောက်ပတ် စီရင်ချက်ချခံခဲ့ရသည်။

Subhas Nair သည် ပြစ်ဒဏ်များကိုအယူခံဝင်မည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေက ပြောကြားခဲ့သည်။

ခရိုင်တရားသူကြီး Shaiffudin Saruwanက “ဆိုရှယ်မီဒီယာနှင့် အင်တာနက်ခေတ်တွင် လူမျိုးရေးခွဲခြားသည့် မက်ဆေ့ချ်များကိုပရိသတ်များထံ ချက်ချင်းဆိုသလို ဖြန့်ဝေနိုင်သောကြောင့် တရားစွဲဆိုမှုကိုလက်ခံခဲ့သည်”ဟုဆိုသည်။

ထိုလှုံ့​ဆော်မူစကားသည် ပစ်မှတ်ထားသော လူမျိုးရေး၊ ဘာသာရေးသာမက လူ့အဖွဲ့အစည်းအတွက်ပါ ထိခိုက်နစ်နာစေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here