အိန္ဒိယ Chandrayaan-3 မစ်ရှင်၏ လပေါ်သွားယာဉ်အား ခေတ္တရပ်နားထားဟုဆို

0
278

အိန္ဒိယနိုင်ငံက လွှတ်တင်ခဲ့သော Chandrayaan-3 လသွားမစ်ရှင်၏ လပေါ်သွားယာဉ်သည် လ၏ တောင်ဝင်ရိုးစွန်းမြေပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်ခဲ့ကာ ရက်သတ္တ ၂ပတ်ကြာ စူးစမ်းလေ့လာမှုများပြုလုပ်ခဲ့ပြီးနောက် ယခုအခါတွင် ယင်းယာဉ်အား ခေတ္တမျှ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ သို့ရာတွင် နောက်ထပ် ၁၄ ရက်အကြာတွင် ပြန်လည်အလုပ်လုပ်မည်ဟု မျှော်လင့်ထားကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့ကပြောသည်။

Chandrayaan-3 လသွားမစ်ရှင်၏ လပေါ်သွားယာဉ် Pragyan သည် ၎င်း၏ တာဝန်များကို ပြီးမြောက်ခဲ့ပြီဖြစ်သဖြင့် လက်ရှိတွင် sleep mode အဖြစ် ပြောင်းလဲလိုက်ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့က စက်တင်ဘာ ၂ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

Chandrayaan-3 မစ်ရှင်သည် အိန္ဒိယ၏ ပထမဆုံး အောင်မြင်စွာ လပေါ်သို့ ဆင်းသက်နိုင်သည့် ကြိုးပမ်းမှုဖြစ်ပြီး လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းဒေသသို့ ပထမဆုံး ဆင်းသက်နိုင်သော လူလုပ်ယာဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here