ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးရထားလမ်း မိုင်းခွဲဖျက်ဆီးခံရ

0
278

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ပိန်းဇလုတ်မြို့ရှိ ရန်ကုန်-မန္တလေးရထားလမ်းအား စက်တင်ဘာ ၅ ရက်(ယနေ့)နံနက်အစောပိုင်း ၄ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“ပိန်းဇလုတ်မြို့က ပိန်းဇလုတ်ဘူတာနှင့်ထိန်တပင်ကျေးရွာကြားက ရန်ကုန်-မန္တလေးရထားလမ်းပိုင်းပါ ရထားသံလမ်းပျက်စီးမှုရှိတယ် ထိခိုက်သူမရှိပါဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ရထားသံလမ်းနှင့်ဇလီဖားတုံးအချို့ပျက်စီးခဲ့သဖြင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here