ရာသီမကုန်ခင်မှာပင် MNL-2 League ချန်ပီယံဖြစ်ပြီး တန်းတက်နိုင်ခဲ့သည့် သစ္စာအားမာန်

0
375

Myanmar National League II 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် သစ္စာအားမာန်အသင်းသည် လက်ကျန်ပွဲစဉ်တစ်ပွဲမတိုင်ခင်မှာပင် ချန်ပီယံ ဖြစ်သွားကြောင်း သိရသည်။

သစ္စာအားမာန်အသင်းသည် လာမည့် စက်တင်ဘာ ၁၂ ရက်တွင် နောက်ဆုံး ပွဲစဉ်အဖြစ် ဒုတိယနေရာမှ တက္ကသိုလ်အသင်းနှင့် ကစားရန် ရှိသော်လည်း ယင်းပွဲစဉ်မတိုင်ခင်၌ပင် ချန်ပီယံ ဖြစ်ခဲ့ပြီး Myanmar National League ပြိုင်ပွဲကြီးသို့ တန်းတက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် ၁၇ တွင် အုပ်စု ပထမနေရာမှ သစ္စာအားမာန်အသင်းသည် ငွေကြယ်ပွင့်အသင်းကို အနိုင်ရခဲ့ပြီးဒုတိယနေရာမှ တက္ကသိုလ်အသင်းသည် Junior Lions အသင်းကို ရှုံးခဲ့သည့်အတွက် ပွဲကစားရန် တစ်ပွဲသာကျန်ရှိတော့ချိန်တွင် ရမှတ် ခြောက်မှတ် ကွာဟသွားခဲ့သည့်အတွက် သစ္စာအားမာန်အသင်းက ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

သစ္စာအားမာန်အသင်းသည် စုစုပေါင်း ၁၇ ပွဲကစားအပြီးတွင် ၁၄ ပွဲနိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၄၃ မှတ် ရရှိထားပြီး ဒုတိယနေရာတွင် တက္ကသိုလ် အသင်းက ရမှတ် ၃၇ မှတ်ဖြင့် ရပ်တည်နေ‌ကြောင်း သိရသည်။

အဆင့် ၃ နေရာတွင် Port အသင်းမှ ရမှတ် ၃၄ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နေရာတွင် Junio‌r Lions အသင်းက ရမှတ် ၃၂၊ အဆင့် ၅ နှင့် ၆ တို့တွင် ရွှေပြည်သာအသင်း၊ Glory Goal အသင်းတို့က ရမှတ် ၁၉ မှတ်စီဖြင့် ရပ်တည်နေကြကြောင်း သိရသည်။

Photo – MNL 2


LEAVE A REPLY

Please enter your comment!
Please enter your name here