တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်ပင်ပေါင်း ၂၅၀၀ ကျော်စိုက်ပျိုး

0
250

နေပြည်တော်၊လယ်ဝေးမြို့နယ်၊ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၀၄/၁ မှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဝင်လမ်းဘေး ဝဲ/ယာ၌ စက်တင်ဘာ ၅ ရက်နံနက်ပိုင်းကပြုလုပ်သည့် ၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်ပင်မျိုး ၁၅ မျိုးမှ သစ်ပင်ပေါင်း ၂၅၂၀ ပင်ကိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစကား ပြောကြားပြီးနောက် ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

သစ်ပင်များကို အရှိန်အဟုန်ဖြင့် နှစ်စဥ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်းအား စိုက်ပျိုးသွားမည်ဖြစ်ကာ သစ်တောများသည် လုပ်ငန်းကဏ္ဍအသီးသီးနှင့်ဆက်စပ်နေပြီး စီးပွားရေး၊လူမှုရေး၊ဖွံဖြိုးမှုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင် ၃ ရပ်ကို ဟန်ချက်ညီညီထိန်းညှိပေးပြီး ရေရှည်စဥ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ဖွံ့ ဖြိုးရေးကဏ္ဍတွင်ပါဝင်သည်ဟု ဆိုသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်နိုင်ရန် သစ်တောပြုန်းတီးမှုလျော့နည်းရေးနှင့်ကမ်းရိုးတန်းတစ်လျှောက် သဘာဝအစိမ်းရောင်တံတိုင်းများဖြစ်သည့် ဒီရေတောနှင့်သစ်ပင်သစ်တောများကို အရှိန်အဟုန်မြှင့်စိုက်ပျိုးထိန်းသိမ်းရမည်ဟု မှာကြားသည်။

မိုးဇလ၏ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအတွင်း အယ်လ်နီညိုဖြစ်စဥ်များ ကြုံတွေ့ရမည်ဖြစ်ရာ မိုးခေါင်ရေရှားခြင်းနှင့်ပူပြင်းခြောက်သွေ့ခြင်းများဖြစ်ပေါ်နိုင်၍ ပူပြင်းခြောက်သွေ့မှုဒဏ် ခံနိုင်စေရေးနှင့်ရေပြတ်လပ်မှုမရှိစေရေးတို့ကို ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်ထားရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ခရေ၊ကျွန်း၊ပိတောက် သစ်မျိုးများပါဝင်သည့် သစ်မျိုး ၁၅ မျိုး၏ အပင်ပေါင်း ၂၅၂၀ ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here