တောင်သမန်အင်းအတွင်း အမျိုးသား(၁)ဦး ရေနစ်သေဆုံး၊ အလောင်းအား ရေငုပ်ကာ ရှာဖွေခဲ့ရ

0
405

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်း အမျိုးသား (၁)ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) Rescue Diver Team (Myanmar) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့က ရေငုပ်ရှာဖွေပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၅)ရက် ညနေပိုင်းက အသက် (၅၀) နှစ်အရွယ်ခန့် အမျိုးသား (၁) ဦး ရေနစ်မြုပ် ပျောက်ဆုံးသွားသဖြင့် မိသားစုဝင်များမှ ဆက်သွယ် အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (မန္တလေးတိုင်းရုံး)မှ Rescue Diver Team (Myanmar) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့မှ ရေငုပ်ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။

ရေငုပ်ကယ်ဆယ်ရေးအဖွဲ့မှ စက်တင်ဘာ (၅) ရက် ညနေ (၆) နာရီခန့်တွင် ရောက်ရှိပြီး (၆) နာရီ (၂၄) မိနစ်တွင် စတင် ရေငုပ်ရှာဖွေခဲ့ရာ (၄၈) မိနစ်ခန့်အကြာ ရှာဖွေခဲ့ရပြီး ညနေ (၇) နာရီ (၁၂) မိနစ်တွင် အလောင်းအား ရေအောက်မှ တွေ့ရှိဆယ်ယူပေးခဲ့ကြောင်း သိရသည်။

ရုပ်အလောင်း ရေငုပ်ရှာဖွေမှုလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ချမ်းမြသာစည်မြို့နယ်ရုံး) ၊ လူ့ငယ်အားမာန် လူမှုကူညီရေးအသင်းနှင့် တောင်သမန်အင်းမှ ဒေသခံ ငှက်လှေသမားများလည်း ပူးပေါင်းရှာဖွေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here