ရခိုင်ပြည်နယ်၊မောင်တောမြို့၊ပန်းတောပြင်ကျေးရွာအုပ်စု၊ပန်းတောပြင်ကျေးရွာအဝင် ချောင်းကူးတံတားအနီးတွင် စက်တင်ဘာ ၅ ရက်မွန်းလွဲ ၂ နာရီခန့်က အမျိုးသား ၁ ဦးနှင့်အမျိုးသမီးကြီး ၁ ဦးတို့ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
“အမျိုးသားက လူငယ်တစ်ယောက်ပါ အမျိုးသမီးကတော့သက်ကြီးပိုင်းထဲကပေါ့ ရေနစ်ပြီးပျောက်နေတယ်လို့ သတင်းရတာနဲ့ကူညီပြီးရှာဖွေပေးခဲ့ပါတယ် ရှာဖွေချိန် ၂ နာရီခွဲလောက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ရေနစ်ပျောက်ဆုံးသွားသူ ၂ ဦးအား မောင်တောခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များက ရှာဖွေခဲ့ကြသဖြင့် ညနေ ၄ နာ ရီခွဲခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ရုပ်အလောင်းများအား ဂရုဏာကွန်ရက်ပရဟိတအသင်းမှ မောင်တောပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။