2023 ရဲ့ National Costume ပွဲကို Wyndham Grand Yangon မှာခမ်းနားစွာကျင်းပပြုလုပ်

0
780

2023 ရဲ့ National Costume ပွဲကို Wyndham Grand Yangon မှာစက်တင်ဘာလ ၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါပွဲကို ဒီဇိုင်နာ ပြည်စိုးအောင်၊ ဒီဇိုင်နာ မပုံ့၊ ဒီဇိုင်နာဒေါ်ဥမ္မာကျော်၊ ဒီဇိုင်နာ Si Si Aung ၊ ဒီဇိုင်နာသဇင်ခင်၊ ဒီဇိုင်နာ မေမြတ်ဝါဆို ၊ ဒီဇိုင်နာငြိမ်းကို၊ ဒီဇိုင်နာရွှေလဝန်း နဲ့ Angeline khor တို့မှ အကဲဖြတ်ဒိုင်အဖြစ်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

2023 ရဲ့ National Costume ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ၃၂ ယောက်ရှိပြီး ဒိုင်များမှမဲပေးရွေးချယ်ပေးတဲ့ The Best National Costume winner ဆုကို ဟားခါးမှယွန်းမေအောင်နဲ့ ပုသိမ် မှ နိုနိုမေတို့မှရရှိသွားတာဖြစ်ပါတယ်။

People Choice National Costume Winner ကိုတာချီလိတ်မှ နန်းနန္ဒာလင်းမှရရှိသွားကာ အကောင်းဆုံးအမျိုးသမီး ပွဲတက်ဝတ်စုံဆုအဖြစ် မျိုးကိုကိုစန်းမှရရှိသွားတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here