ဒဂုံအရှေ့ပိုင်းတွင် ယာဥ်မတော်တဆမှုဖြစ် အမျိုးသားတစ်ဦး ကားခေါင်းခန်းအတွင်းညပ်ကာ ဒဏ်ရာရ

0
253

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ အမှတ်(၂)လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ (၆) ရက် နံနက်ပိုင်းက ယာဥ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၁၁) နာရီကျော်ခန့်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ အမှတ် (၂)လမ်းမကြီးပေါ်တွင် ယာဥ်မတော်တဆမှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦးကားခေါင်းခန်းအတွင်း၌ ညပ်သွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ထုတ်ပေးခဲ့သဖြင့် နံနက် (၁၁) နာရီ (၁၉) မိနစ်တွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည့် ကားခေါင်းခန်းအတွင်းညပ်နေသူအား မေတ္တာစွမ်းရည် ပရဟိတလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here