မြန်မာ ယူ ၂၃ အသင်းအတွင်း အုပ်စုပွဲဦးထွက်တွင် သရေရလဒ်ထွက်ပေါ်

0
382

မြန်မာ ယူ ၂၃ အသင်းသည် 2024 AFC U23 Asian Cup ခြေစစ်ပွဲအဖွင့်ပွဲစဉ်တွင် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ Changwon မြို့တွင် ကျင်းပနေခြင်းဖြစ်ပြီး မြန်မာအသင်းသည် ကာဂျစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်‌ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ ၂၃ အသင်းသည် ပထမပိုင်းတွင် ကောင်းထက်ပိုင်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင်ချေပပဂိုးပြန်လည်ပေးလိုက်ရသည့်အတွက် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးသွားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် အုပ်စု ဒုတိယမြောက် ပွဲစဉ်အဖြစ် ကာတာ အသင်းနှင့် စက်တင်ဘာ ၉ ရက်၊ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်‌ တောင်ကိုရီးယား အသင်းနှင့် စက်တင်ဘာ ၁၂ ရက်တို့တွင် ဆက်လက် ကစားရမည် ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here