ပုသိမ်ကြီးမြို့နယ်တွင် ၁၂ ဘီးကားနှင့် “အိုးဝေ” တိုက်မိ၍ “အိုးဝေ” မောင်းသူ ပြင်းထန်ဒဏ်ရာရ

0
359

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ပြင်ဦးလွင် – မန္တလေးအဆင်းလမ်းတွင် ယနေ့ စက်တင်ဘာ (၆) ရက် နေ့လယ်ပိုင်းက (၁၂) ဘီးကားနှင့် “အိုးဝေ” ယာဉ်တိုက်မိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“မန္တလေးပြည်သူ့ဆေးရုံကြီးကို Deadbody သွားသယ်တဲ့အချိန်တွေ့လိုက်တဲ့အတွက် ကူညီပေးခဲ့တာပါ ပြင်ဦးလွင် – မန္တလေး အဆင်းလမ်းက အောင်ပင်လယ်နားမှာဖြစ်သွားတာပါ။ အိုးဝေမောင်းတဲ့လူက ဒဏ်ရာပြင်းထန်တယ်။ စိုးရိမ်ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည့် “အိုးဝေ”မောင်းနှင်သူအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ စက်တင်ဘာ ၅ ရက်ည (၉) နာရီခွဲခန့်ကလည်း ပြင်ဦးလွင်မြို့၊ ရပ်ကွက် (၇)၊ အနော်ရထာလမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ဆိုင်ကယ်အားဝင်တိုက်မိပြီးနောက် ကားမှာအခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here