Bryansk ဒေသအထက်တွင် လေယာဉ်ပုံစံဒရုန်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ချ

0
256

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံရှိ အဆောက်အအုံများကို လေယာဉ်ပုံစံ ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ရုရှားနိုင်ငံ အနောက်ဘက်ရှိ Bryansk ဒေသအထက်တွင် ရုရှားလေကြောင်းရန်ကာကွယ်ရေးများက ယင်းဒရုန်းကို ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“စက်တင်ဘာ ၅ ရက် မော်စကိုစံတော်ချိန် ည ၁၁ နာရီ ၄၀ ဝန်းကျင်တွင် ရုရှားဖက်ဒရေးရှင်းပိုင်နက်ရှိ အဆောက်အအုံများကို ဗုံးတပ်ဆင်ထားသည့် UAV (မောင်းသူမဲ့လေယာဉ်) ဖြင့် တိုက်ခိုက်ရန် ယူကရိန်းအစိုးရ၏ ကြိုးပမ်းမှု ပျက်ပြယ်သွားခဲ့သည်”ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ခြင်းဖြစ်သည်။

“တာဝန်ကျတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေက Bryansk ဒေသပိုင်နက်မှာ မောင်းသူမဲ့လေယာဉ်တွေကို ဖျက်ဆီးခဲ့တာပါ” ဟု ဝန်ကြီးဌာနကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here