သီပေါမြို့ရှိ “ရွှေရတနာ”ရွှေဆိုင်တွင် သေနတ်ပစ်ဖောက်၍ ရွှေထည်များအားလုယက်ယူဆောင်သွား

0
385

ရှမ်းပြည်နယ်၊ သီပေါမြို့၊ စျေးရပ်ကွက်၊ မြို့မစျေးအရှေ့ဘက်တိုက်တန်းရှိ “ရွှေရတနာ”ရွှေဆိုင်တွင် သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများအားဓားပြတိုက်လုယက် ယူဆောင်သွားခဲ့မှု ယနေ့ စက်တင်ဘာ (၆) ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၇) နာရီခွဲခန့်က အမည်မသိအမျိုးသား (၂) ဦးသည် သီပေါမြို့၊ စျေးရပ်ကွက်၊ မြို့မစျေးအရှေ့ဘက်တိုက်တန်းရှိ “ရွှေရတနာ”ရွှေဆိုင်သို့ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်၍ ဓားဖြင့်ရွှေထည်ပစ္စည်းများထည့်ထားသည့် မှန်ဘီဒိုအားရိုက်ခွဲကာ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ကာဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“လတ်တလော ကျွန်တော်တို့ သိရသလောက်ကတော့ ရွှေထည်ပစ္စည်းတန်ဖိုး သိန်း ၇၀ ဖိုးလောက်ပါသွားတယ်။ အခင်းဖြစ်ချိန်မှာရှိနေတဲ့ ဝန်ထမ်းအမျိုးသမီးပြောပုံအရဆိုရင် Mask တပ်ထားတာရယ်။ ဦးထုတ်ဆောင်းထားတာရယ်ကြောင့် မျက်နှာတွေကို သေချာမမြင်ရဘူးပြောတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here