BNI Indonesia Master 2023 ပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှာပင် ရှုံးနိမ့်ခဲ့သည့် သက်ထားသူဇာ

0
240

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် BNI Indonesia Master 2023 ပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှာပင် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်လိုက်ရကြောင်း သိရသည်။

သက်ထားသူဇာသည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပနေသည့် BNI Indonesia Master 2023 တွင် အဆင့်သတ်မှတ်ချက်အရ ၃၂ ဦိးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

၃၂ ဦးအဆင့်တွင် အင်ဒိုကြက်တောင်မယ် Stephani Widjaya နှင့် ယှဉ်ပြိုင်ကစားရာ ပထမပွဲစဉ်တွင် ၂၁ မှတ် ၁၆ မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် ၂၀ မှတ် ၂၂ မှတ်၊ တတိယပွဲစဉ်တွင် ၁၉ မှတ် ၂၁ မှတ်တို့ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ထွက်လိုက်ရသည်။

သက်ထားသူဇာသည် မကြာသေးခင်ကမှ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်သော ကြက်တောင်အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့်တွင် ၄၇ အထိ တက်လှမ်းနိုင်ခဲ့သူလည်းဖြစ်သည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here