ဘရာဇီး၌ဆိုက်ကလုန်းကြောင့် မိုးသည်းထန်စွာရွာသွန်းကာ လူ ၂၂ ဦးသေဆုံး

0
152

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် အင်အားပြင်းဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းကာရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူပေါင်းနှစ်ဆယ်ကျော်သေဆုံးခဲ့သည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက အင်္ဂါနေ့ကပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ရာဒေသများရှိ ဒေသခံများအနေဖြင့်လည်း အထုပ်အပိုးများအဆင်သင့်ပြင်ထားကာ လိုအပ်ပါက ဘေးကင်းရာရွှေ့ပြောင်းရန်လည်းပြင်ဆင်ထားရကြောင်းသိရသည်။

ရိုက်တာသတင်းဌာနက တင်ထားသောဗီဒီယိုမှတ်တမ်း၌မူ ရေကြီးရေလျှံမှုများကြောင့် အိမ်များ၊လမ်းများနှင့်အဆောက်အအုံများပါနစ်မြုပ်နေသည်ကိုတွေ့ရသည်။

ဘရာဇီးဖက်ဒရယ်အစိုးရအနေဖြင့်လည်း သဘာဝဘေးအတွက် တုံ့ပြန်ကာကွယ်နိုင်မည့်နည်းလမ်းများကိုလုပ်ဆောင်လျက်ရှိပြီး သမ္မတကမူ ၎င်း၏အစိုးရအနေဖြင့် လက်ရှိဖြစ်နေသောပြဿနာများမှ ပြည်သူများဘေးကင်းရေးအတွက် လိုအပ်သောစီစဉ်ဆောင်ရွက်မှုများကို လုပ်ဆောင်နေသည်ဟုလည်းပြောကြားခဲ့သည်။

“အခုသဘာဝဘေးကတကယ်ကိုစိတ်ပျက်စရာကောင်းပါတယ်၊ကျွန်တော့်မှာဘာမှမကျန်တော့သလိုခံစားရတယ်၊ကျွန့်တော့်ထက်ဆိုးတဲ့သူတွေရှိကောင်းရှိနိုင်ပေမဲ့ ကျွန်တော့်အတွက်ကတော့ဘာမှမကျန်တော့ပါဘူး” ဟုလည်းဒေသခံတစ်ဦးကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here