ဒုဝန်ကြီးချုပ်ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့သွားမည်ဟုဆို

0
135

ဆိုးလ်၊စက်တင်ဘာ ၇

တရုတ်နိုင်ငံ၏ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီနှင့်အစိုးရကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံထူထောင်ခြင်းအထိမ်းအမှတ်အခမ်းအနားအတွက် ယခုသီတင်းပတ်နှောင်းပိုင်းတွင် မြောက်ကိုရီးယားသို့လာရောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

ယခုခရီးစဉ်သည်မြောက်ကိုရီးယားအစိုးရနှင့် မြောက်ကိုရီးယားအလုပ်သမားပါတီ WPK တို့၏ဖိတ်ကြားချက်အရသွားရောက်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။ မြောက်ကိုရီးယားသည် စက်တင်ဘာလ ၉ ရက်နေ့အား သမ္မတနိုင်ငံထူထောင်ခြင်းနေ့အဖြစ်သတ်မှတ်ထားပြီး ယခုနှစ်တွင် ဂျပန်လက်အောက်မှ ကိုရီးယားကျွန်းဆွယ်လွတ်မြောက်ခြင်း ၇၅ နှစ်ပြည့်မည်လည်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းအနေဖြင့် ကိုဗစ်အလွန်ကာလ၏ပထမဆုံးခရီးစဉ်အနေဖြင့် လက်နက်ကိစ္စဆွေးနွေးရန်အတွက် ရုရှားသို့သွားနိုင်သည်ဟု အမေရိက ကပြောကြားခဲ့သော်လည်း အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက တရားဝင်အတည်ပြုထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့်ဇူလိုင်လကလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ကိုရီးယားစစ်ပွဲပြီးဆုံးခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သေးကာ ကိုဗစ်ကာလအပြီး နှစ်နိုင်ငံအကြားပထမဆုံးအနေဖြင့်ကိုယ်စားလှယ်အဖွဲ့သွားရောက်မှုလည်းဖြစ်သည်။

မြောက်ကိုရီးယားသည် ၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ်ကာလအတွင်း နယ်စပ်စည်းမျဉ်းများကို ကျန်နိုင်ငံများနှင့်မတူဘဲ အထူးတင်းကြပ်ဆောင်ရွက်ခဲ့ပြီး ကိုဗစ်ပြန့်ပွားမှုကိုထိန်းချုပ်ခဲ့သော်လည်း ပြီးခဲ့သည့်လမှစ၍ ပြည်ပရောက်၎င်းနိုင်ငံသားများအား ပြည်ဝင်ခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here