ဘရာဇီးတောင်ဖျား၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၃၁ ဦးအထိရှိလာ

0
294

ဆော်ပေါ်လို၊စက်တင်ဘာ ၇

ဘရာဇီးနိုင်ငံ၏ တောင်ဘက် အစွန်ဆုံး ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံကာ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၃၁ ဦးအထိရှိလာပြီဖြစ်ကြောင်းလည်းသိရှိရသည်။

ရိုက်တာသတင်းဌာနက တင်ထားသောဗီဒီယိုမှတ်တမ်းတွင် အိမ်များ၊လမ်းများနှင့်မြစ်ချောင်းများအားလုံး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ကိုတွေ့ရှိရပြီး သေကျေ ပျက်စီးမှုများသည် ယခုနှစ်အစောပိုင်းကဖြစ်ပေါ်ခဲ့သည့် ရေကြီးမြေပြိုမှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့ရသည့်ဖြစ်စဉ်အပြီး ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။

ဘရာဇီးနိုင်ငံသမ္မတအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များအား ရေဘေးဒဏ်သင့်ဒေသများသို့ ထိထိရောက်ရောက် ထောက်ပံ့နိုင်ရန် လိုအပ်သည်များကိုအမြန်ဆုံးလုပ်ဆောင်ရန်ညွှန်ကြားထားသည်ဟုဆိုသည်။

လက်ရှိအချိန်တွင် ရေဘေးသင့်ဒေသ၌ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်ကို စိစစ်ရန်ဝန်ကြီးနှစ်ဦး ကို စေလွှတ်ထားပြီး လိုအပ်ပါက ဒုတိယ သမ္မတပါအဆိုပါဒေသများသို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here