ပုဂံရှိ ရွှေလိပ်တူး ဂူဘုရားနံရံမှ လှပသော လက်ရေးအက္ခရာ (၃၆) ကြောင်းနှင့် တည်ဆောက်ထားမှု ဗိသုကာပညာရပ်ကို လေ့လာနိုင်

0
288

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပုဂံမြို့ဟောင်းသွား ကားလမ်းဘေးတွင် တည်ရှိသည့် ရွှေလိပ်တူး ဂူဘုရားရှိ လှပသော လက်ရေးအက္ခရာ (၃၆) ကြောင်းနှင့် အမိုးနံရံများရှိ နံရံ‌ဆေးရေးပန်းချီများ၊ ဂူဘုရားတည်ဆောက်ထားပုံ ဗိသုကာလက်ရာများကို သွားရောက်လည်ပတ်လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေလိပ်တူးဘုရားသည် တံတိုင်းသီးခြားနှင့်အရွယ်အစား အသင့်တင့် ကြီးမားသော ဂူဘုရားဖြစ်ကာ မုခ်လေးမုခ်ပါရှိပြီး အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်မုခ်တို့တွင် ထိုင်တော်မူ ဆင်းတုတော်များ ဖူးမြှော်တွေ့ရှိနိုင်ပြီး အနောက်ဘက်မုခ်တွင် ရပ်တော်မူ ရုပ်ပွားတော်ဖူးမြှော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေလိပ်တူး ဂူဘုရားအတွင်း နံရံ၌ လှပသောလက်ရေး အက္ခရာကျနစွာဖြင့် မှင်ရေးကမ္ဗည်းစာ(၃၆)ကြောင်းကို လေ့လာဖတ်ရှုနိုင်ပြီး ထိုစာမှာ ဂူအတွင်းဆင်းတုတော်များအား ပြန်လည် ပြုပြင်ခဲ့သော ခေင်္ဂဝရသီလမထေရ် ၏ သက္ကရာဇ် ၉၀၀ ကျော်က မှတ်တမ်းကမ္ဗည်းစာဖြစ်ကြောင်း သိရသည်။

ရွှေလိပ်တူး ဂူဘုရား၏ မြောက်ဘက်တွင် သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ သူငယ်တော်ဘုရား၊ အနောက်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ စတုမုခဘုရား၊ ငွေစည်းခုံဘုရား၊ တောင်ဘက်တွင် အလိုတော်ပြည့် ဘုရားတို့အား တစ်ဆက်တစ်စပ်တည်း သွားရောက် ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here