ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ ညောင်ပင်တစ်ပင်၌ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

0
337

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ ညောင်ပင်တစ်ပင်၌ လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း လင်းလက်ပရဟိတအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၇) ရက် နံနက် (၁၁) နာရီ (၅၀) မိနစ်ခန့်က လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ လင်းလက်ပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် သေဆုံးသူ အမျိုးသား DB အား သယ်ဆောင်၍ လင်းလက်ပရဟိတ Ambulance ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here