အာဖရိကသမဂ္ဂကို အဖွဲ့ဝင်အဖြစ် ခွင့်ပြုရန် G20 နိုင်ငံများ သဘောတူ

0
213

G20 အဖွဲ့ဝင်နိုင်ငံများသည် အာဖရိကသမဂ္ဂအား အမြဲတမ်းအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်ကို စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ အိန္ဒိယနိုင်ငံမှာ ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးတွင် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

အာဖရိကသမဂ္ဂ သည် ဥရောပသမဂ္ဂနှင့် အဆင့်အတန်းတူရှိလိမ့်မည် ဟု ယူဆသဖြင့် အာဖရိကသမဂ္ဂ အဖွဲ့ဝင်များအား ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကြီးမားစွာ ပါဝင်စေလိုသောဆန္ဒကြောင့် ဤဆုံးဖြတ်ချက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုထားသည်။

လာမည့်စက်တင်ဘာလတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် အာဖရိကသမဂ္ဂအား အသင်း၏ အမြဲတမ်းအဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က အကြံပြုခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်များကို ကိုးကား၍ Times of India က ဇွန်လ ၁၈ ရက်ကတည်းကပင် ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အာဖရိကသမဂ္ဂသည် ယခုစက်တင်ဘာလအစောပိုင်းတွင် G20 အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် မျှော်လင့်ထားကြောင်း ဇူလိုင် ၂၇ ရက်ကတည်းကပင် ပြောကြားခဲ့ကြောင်း သတင်းဌာနများကဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here