ကမမောင်းမြို့ရှိ ထွေအုပ်ရုံး၌ Drop Bomb များပေါက်ကွဲ ၁ ဦးသေဆုံး

0
146

ကရင်ပြည်နယ်၊ကမမောင်းမြို့၊အမှတ်(၄)ရပ်ကွက်ရှိ ထွေအုပ်ရုံးတွင် စက်တင်ဘာ ၇ ရက်(ယနေ့) နံနက်ပိုင်းက Drop Bomb ၃ လုံးပေါက်ကွဲခဲ့သည်။

ယနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ ကမမောင်းမြို့၊အမှတ်(၄)ရပ်ကွက်ရှိ ထွေအုပ်ရုံးအား Drop Bomb ၃ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်တဲ့အချိန်က ထွေအုပ်ရုံးမှာအစည်းအဝေးလုပ်နေတာလို့သိရပါတယ် ရုံးအရှေ့ဘက်မျက်နှာစာမှာ ၁ လုံး အလံတိုင်ရှေ့မှာ ၁လုံး ရုံးနားမှာ ၁ လုံးပေါက်ကွဲသွားတာ၊ ပျက်စီးတာတွေရှိတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်သေဆုံးသွားပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Drop Bomb ပေါက်ကွဲမှုများကြေင့် ကမမောင်းမြို့၊အမှတ်(၄)ရပ်ကွက် ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်းမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအားဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here