လှိုင်သာယာ မီးလောင်မှုဖြစ်စဥ်တွင် နေအိမ် ၄ လုံးပျက်စီးဆုံးရှုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့

0
156

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ညောင်ကျေးရွာရှိ ငါးသုံးလုံးသဲကွင်းတွင် စက်တင်ဘာ ၇ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်က နေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

မီးလောင်မှုအား လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၂၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“စတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းကို မီး သတ်တပ်ဖွဲ့ကစစ်ဆေးတာဖြစ်တဲ့အတွက် သူတို့ပဲသိပါလိမ့်မယ် မျက်မြင်တွေ့ရတဲ့အခြေအနေအရတော့ နေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်၌ နေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့သည့်အပြင် အမျိုးသား ၁ ဦးအမျိုးသမီး ၁ ဦးနှင့်လူမှုကူညီရေးအသင်းဝင်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here