တညင်းကုန်းဈေးအရှေ့တွင် ကုန်တင်မော်တော်ယာဉ်နှင့် စက်ဘီး တိုက်မိရာ စက်ဘီးစီးလာသူ အမျိုးသား သေဆုံး

0
275

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပုလဲလမ်းမ တညင်းကုန်းဈေးအရှေ့တွင် ကုန်တင် မော်တော်ယာဉ် တစ်စီးမှ အရိုန်မထိန်းနိုင်ဘဲ စက်ဘီး စီးနင်းလာသူ တစ်ဦးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဝင်တိုက်မိခဲ့သည့်အတွက် စက်ဘီးစီးနင်းလာသူ အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယနေ့ စက်တင်ဘာ (၈) ရက် နံနက်ပိုင်းက တာဝန်သိပြည်သူ တစ်ဦးမှ တွဲလက်လူမှုကူညီရေး ရုံးအဖွဲ့သို့ ကားနှင့် စက်ဘီးတိုက်မိမှု ဖြစ်ပွားကြောင်း ဖုန်းဆက်သွယ်အကူညီတောင်းခံသောကြောင့် သွားရောက်ခဲ့ရာ စက်ဘီးစီးနင်းလာသူ အမျိုးသားမှာ သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူအား လူမှုကူညီရေးအသင်းကားဖြင့်တင်ဆောင်ကာ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here