နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောသစ်ကို မြောက်ကိုရီးယား တပ်တော်ဝင်

0
237
This picture taken on September 6, 2023 and released by North Korea's official Korean Central News Agency (KCNA) on September 8 shows the unveiling ceremony of the new submarine No. 841, named the Hero Kim Kun Ok, at an undisclosed location in North Korea.

နည်းဗျူဟာမြောက် နျူလက်နက်များတပ်ဆင်ထားသည့် အဆင့်မြင့်ရေငုပ်သင်္ဘောတစ်စီး တပ်တော်ဝင်ခြင်းအခမ်းအနားကို မြောက်ကိုရီးယား၌ ကျင်းပခဲ့ကြောင်း Voice of Korea ရေဒီယိုဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

အခမ်းအနားကို မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် လည်း တက်ရောက်ခဲ့သည်။

Voice of Korea ၏ အစီရင်ခံစာအရ ၎င်းသည် မြောက်ကိုရီးယားနိုင်ငံ၏ နည်းဗျူဟာမြောက် နျူလက်နက်များ သယ်ဆောင်သည့် ပထမဆုံး ရေငုပ်သင်္ဘောဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ရေငုပ်သင်္ဘောအား ပင်လယ်ပြင်တွင် စမ်းသပ်ခုတ်မောင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရေငုပ်သင်္ဘော တပ်တော်ဝင်အခမ်းအနား မိန့်ခွန်းတွင် ကင်ဂျုံအန်းက နျူကလီးယားလက်နက်သည် နိုင်ငံ၏ ရေတပ်တပ်ဖွဲ့များ၏ အရေးပါသော အစိတ်အပိုင်းဟု ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ ရေငုပ်သင်္ဘောများနှင့် တပ်ဆင်ထားသောလက်နက်များ မည်မျှအဆင့်မြင့်ကြောင်း ဆက်လက်ပြသရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန် အပြည့်ရှိပြီး ကျွန်ုပ်တို့၏ ရေယာဉ်စုကို နျူလက်နက်ဖြင့် ပြန်လည် ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်သွားမည်” ဟူသည့် ကင်ဂျုံအန်၏ ပြောဆိုချက်ကို ကိုးကား၍ Voice of Korea မှ ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားသည် ယခင်က ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များ(SLBM) စမ်းသပ်ပစ်လွှတ်မှု အများအပြား ပြုလုပ်ခဲ့သည်။

photo – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here