မြန်မာနှင့် နီပေါတို့ ဂိုးမရှိသရေရလဒ်သာထွက်ပေါ်

0
150

မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့ ဖီဖာနိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ညနေ ၅ နာရီက သု၀ဏ္ဏအားကစားတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ယနေ့ပွဲစဉ်တွင် မြန်မာကစားသမားများကို အခွင့်အရေးကို အသုံးမချနိုင်ခြင်းနှင့် နီပေါအသင်းရရှိသည့် ပင်နယ်တီကို ဂိုးသမားကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ FIFA International “A” Friendly Matches ဒုတိယပွဲစဉ်ကို လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here