ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ပြသသည့် ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်စည်ပြပွဲအား မြန်မာသံ အမတ်ကြီးသွား​ရောက်

0
131

ဂျပန်နိုင်ငံ၏အကြီးဆုံးကုန်စည်ပြပွဲ ဖြစ်သည့် (၉၆)ကြိမ်မြောက် တိုကျိုအပြည်ပြည်ဆိုင်ရာ လူသုံးကုန်နှင့် လက်ဆောင်ပစ္စည်းပြပွဲအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမ တ်ကြီးဦးစိုးဟန် သွား​ရောက်လေ့လာခဲ့သည်။

ပြပွဲအား Tokyo International Exhibition Center ၌ စက်တင်ဘာ (၆) ရက်မှ (၈) ရက်အထိ ကျင်းပလျက်ရှိကာ မြန်မာသံအမတ်ကြီးမှ မြန်မာ့သစ်နှင့်ဝါးတို့အားအသုံးပြု၍ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် မြန်မာ့လက်မှုပစ္စည်းများအား ဂျပန်နိုင်ငံတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော Asia Crafts Link အဖွဲ့အစည်း၏ ဖိတ်ကြားချက်အရ စက်တင်ဘာ (၇) ရက်နံနက်ပိုင်းက ကြည့်ရှုလေ့လာခဲ့ခြင်းဖြစ်သည်။

ယင်း ပြပွဲအား ၁၉၇၆ ခုနှစ်မှစတင်ကာ တစ်နှစ်လျင် (၂) ကြိမ်ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံ၌ အကြီးဆုံး ကုန်စည် ပြပွဲဖြ စ်ပြီး ယခုပြပွဲတွင် နိုင်ငံ/ဒေသ (၂၅) ခုမှ ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်က ပြခန်းများ ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here