စဥ့်ကူးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း စမတ်ကဒ်ပြုလုပ်ပေးနေစဥ် ပစ်ခတ်မှုဖြစ်ပွား၍ ၃ ဦးဒဏ်ရာရ

0
305

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာအုပ်စု၊လက်ပန်လှကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ စက်တင်ဘာ ၈ ရက်(ယနေ့)နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နေ့လည် ၃ နာရီခွဲကျော်ခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၃ ဦးသည် စဥ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာအုပ်စု၊လက်ပန်လှကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်လာကာ လ၀က မှပြည်သူများအား စမတ်ကဒ်ပြုလုပ်ပေးနေသည့်နေရာအနီးရှိ လက်ပန်လှကျေးရွာအုပ်ချုပ်ရေးမှူးအပါ အဝင် ၃ ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် အမည်မသိအမျိုးသား ၃ ဦးသည် မန္တလေး-မြစ်ကြီးနားသွားကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် လက်ပန်လှကျေးရွာအုပ် ချုပ်ရေးမှူးတွင်(မစိုးရိမ်ရ)၊ရာအိမ်မှူးတစ်ဦးတွင် (စိုးရိမ်ရ)နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတွင်(မစိုးရိမ်ရ)တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် စဥ့်ကူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here