အမြန်လမ်းတွင် Hiace ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်များအားဝင်တိုက်တိမ်းမှောက် ၁ ဦးဒဏ်ရာရ

0
177

ပဲခူးတိုင်း၊ဖူးမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် စက်တင်ဘာ ၈ ရက်ညနေပိုင်းက Hiace ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိထန်းပင်များအားဝင်တိုက်မိပြီးတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ အမျိုးသား ၁ ဦးမောင်းနှင်ကာ အမျိုးသား ၂ ဦးလိုက်ပါလာသည့် Hiace ကားသည် ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၀၅/၃ နှင့် ၁၀၅/၄ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင် ၃ ပင်အားဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းနှင့် ၁၁၅ မိုင်အမြန်လမ်းရဲစခန်းတို့မှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Hiace ကားတိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here