ဇလွန်မြို့ရှိ ဧရာဝတီမြစ်အတွင်း ရေနစ်သွားသောကလေးငယ် ၃ ဦးနှင့်လိုက်ဆယ်သောအမပါ ရေနစ်သေဆုံး
ရုပ်အလောင်းများအားရှာဖွေရာ ယမန်နေ့က၂လောင်း နှင့်ယနေ့မနက် ၂လောင်းပြန်တွေ့

0
207

ဧရာဝတီတိုင်း၊ဇလွန်မြို့၊ဆန်တန်းရပ်ကွက်ရှိ ဧရာဝတီမြစ်အတွင်းသို့ စက်တင်ဘာ ၈ ရက်(ယမန်နေ့) နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ကလေးငယ် ၃ ဦးရေဆင်းကူးရာမှရေနစ်သွား၍ အမဖြစ်သူမှဆင်းကယ်စဥ် ၎င်းပါရေနစ်သွားခဲ့မှုဖြစ်ပွားခဲ့သည်။

ရေနစ်ပျောက်ဆုံးနေသူများအား ဇလွန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များကရှာဖွေခဲ့ကြရာ ယမန်နေ့လည် ၁ နာရီခွဲတွင် မိန်းကလေးငယ်၏ရုပ်အလောင်းနှင့်မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ကလေးငယ် (ကျား)တစ်ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ရသည်။

“အခင်းဖြစ်ချိန်ကစပြီး ရှာဖွေခဲ့ကြတာပါ ၂ ယောက်ကို သေဆုံးလျက်ပြန်တွေ့တယ်၊ ရှာဖွေရေးကိုဆက်လုပ်ခဲ့ပြီး မနေ့က မှောင်လာတဲ့အချိန်ကြမှနားလိုက်တာပါ၊ ဒီမနက်ပိုင်းမှာ ရှာဖွေရေးဆက်လုပ်တော့ ကျန်တဲ့ကလေး ၂ ယောက်ရဲ့ရုပ်အလောင်းတွေပြန်တွေ့ခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်ပျောက်ဆုံးသွားသည့် ကလေးငယ် ၂ ဦး ၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယမန်နေ့ကရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများနည်းတူ ဇလွန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here