ကျိုက်ထိုတွင် သားဖြစ်သူအားကျောင်းကြိုပြီးပြန်လာသည့် ဒု-ဗိုလ်မှူးကြီး(ငြိမ်း)နှင့်မိသားစု သေနတ်ဖြင့်ပစ်ခတ်ခံရ၊ ဇနီးဖြစ်သူသေဆုံးကာ သားဖြစ်သူကလေးငယ် စိုးရိမ်ဒဏ်ရာရ

0
1306

မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊တောင်သူစုရပ်ကွက်တွင် စက်တင်ဘာ ၈ ရက်ညနေပိုင်းက သားဖြစ်သူအားကျောင်းမှကြိုပြီးပြန်လာသည့် ဒု-ဗိုလ်မှူးကြီး(ငြိမ်း)ဦးအောင်လွင်(၄၈)နှစ်နှင့်မိသားစုဝင်များ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် ကျိုက်ထိုမြို့၊တောင်သူစုရပ်ကွက်နေ ဒု-ဗိုလ်မှူးကြီး(ငြိမ်း)ဦးအောင်လွင် ဇနီးဖြစ်သူဒေါ်ခင်စန္ဒာစိုးနှင့်အတူ ၎င်းတို့၏သားအား ကျောင်းကြိုပြီးပြန်လာစဥ် နေအိမ်ရှေ့အရောက် သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးအောင်လွင်တွင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့်သားဖြစ်သူတွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ဇနီးဖြစ်သူဒေါ်ခင်စန္ဒာစိုးမှာ ကျည်ထိမှန်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးတို့အား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here